AD SPACE

” ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ “

” ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ “

ကျွန်တော့် ဆီကို လူငယ် တစ်ယောက် စာ ပို့ လာတယ် ။
” ပန်းတိုင် ပျောက်နေလို့ ကူညီ ပါ ဆရာ ရယ် ” တဲ့ ။




ကျွန်တော် စာ ပြန်လိုက်ပါတယ် ။
” ကျွန်တော့် ဆီကို ကျွန်တော် အ” ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့ လူငယ်တွေကို အကြံပေးချင်တာ “
ကျွန်တော့် ဆီကို လူငယ် တစ်ယောက် စာ ပို့ လာတယ် ။
” ပန်းတိုင် ပျောက်နေလို့ ကူညီ ပါ ဆရာ ရယ် ” တဲ့ ။

ကျွန်တော် စာ ပြန်လိုက်ပါတယ် ။
” ကျွန်တော့် ဆီကို ကျွန်တော် အားတဲ့ အချိန် လှမ်းမေးပြီး
ဖုန်းဆက်ပြီး ဖြစ်စေ /လူကိုယ်တိုင် ဖြစ်စေ
လာပြီး သေချာ တိုင်ပင် လို့ ရပါတယ် ” လို့ ပေါ့ ။




အခု အချိန် အထိ ဒီလူငယ် လေးဘက်က ဘာမှ အကြောင်း ပြန် မလာသေးပါဘူး ။
ကိုယ့်ကို ကူညီ ပါမယ် ဆိုတာတောင်
ဒီ လူငယ် လေး အနေနဲ့ ဘာတွေများ တွန့်ဆုတ်နေရတာလဲ ?
ဘာတွေ မဝံ့မရဲ ဖြစ်နေရတာလဲ ?
ဒါမှ မဟုတ် အလေးအနက်မထားပဲ ဒီလိုပဲ ပေါ့ပေါ့လေး သဘောထားပြီး
ကျွန်တော့် ဆီ စာပို့ လိုက်တာများလား ?

ကျွန်တော် ကိုယ့် အလုပ်တွေ နဲ့ ကိုယ်တောင် တိုင်တွေ ပတ်နေတဲ့ကြားထဲက
မြန်မာ့ အိပ်မက် Online Magazine ကို ထလုပ်ချင်စိတ် ပေါ်လာတာ
အဲလို လူငယ်တွေ အတွေ့ရ များလာလွန်းလို့ပါ ။
ကျွန်တော်တို့ တုန်းကလည်း အဲလို ပညာယူနိုင်တဲ့ / တိုင်ပင်နိုင်တဲ့ အသိုင်းအဝိုင်းမျိုး မရခဲ့ဘူးလေ ။
( စာကောင်းပေကောင်းတွေ သာ မဖတ်ဖြစ်ခဲ့ ရင်
ကျွန်တော်လည်း အခု အချိန် ထိ လမ်းပျောက်ဆဲ / အစွန်းရောက်ဆဲ /
လူ့ အဖွဲ့အစည်းကို စိတ်ပျက်ပြီး ဘေးထွက် ဘုပြောဆဲ ဖြစ်နေဦးမှာပါပဲ ။ )
သူတို့ ဖြစ်နေတဲ့ အနေအထားတွေကို
ကျွန်တော် ကိုယ်ချင်းစာပါတယ် ။




ဒါကြောင့် လူငယ်တွေ ပန်းတိုင် ပျောက်နေရတဲ့ အကြောင်းရင်း တွေ ကို
ကျွန်တော် သိသလောက် ပြောပြချင်ပါတယ် ။
တိုးတက် အောင်မြင်ချင်တဲ့ လူငယ် တစ်ယောက် အတွက် အရေးအကြီးဆုံးက
” ကိုယ့်ကို ကိုယ် သိဖို့ ပါ ”
ကိုယ် ဖြစ်နေတာ နဲ့ တိုက်ဆိုင်လို့ ကိုယ့်အကြောင်းကိုယ် သေချာသိသွားရင်
အကောင်းဆုံး ပြင်ဆင်ဖို့ လမ်းစ ရှာနိုင်တာပေါ့ဗျာ ။

ပန်းတိုင် / ရည်မှန်းချက် ပျောက်ရခြင်း အကြောင်းရင်း ၄ ခု

၁။ သူတို့ ကိုယ်တိုင်က ပန်းတိုင် ဆိုတာ ကို အရေးကြီးတယ် လို့
တကယ် မခံယူထားသေးလို့ပါ ။
တစ်ခါတလေ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ
ဒီလို ပန်းတိုင် ချမှတ်ပြီး လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တွေ
သိပ် မတွေ့ရတဲ့ အခါ ကျွန်တော်တို့ ကိုယ်တိုင် လည်း ဒါကို လုပ်သင့်တယ်လို့ တကယ် မယုံကြည်ပါဘူး ။
လာပြောတဲ့လူတွေကိုတောင် စိတ်ထဲ မှာ ” အပိုတွေ လာလုပ်နေတယ် ” လို့ တွေးမိတတ်ကြတာမျိုးပါ ။




ပန်းတိုင် ချမှတ် ခြင်း တဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို
အသေအချာ ဆွေးနွေးတာမျိုး ပတ်ဝန်းကျင်မှာ မတွေ့ဖူး မကြုံဖူးကြတော့
ဒီ နည်း စနစ်ရဲ့ အားသာချက် စစ်စစ် ကို
*** ခံစား သိ နဲ့ မသိဖူးကြပဲ စိတ်သိ လောက်နဲ့ တိမ်တိမ်လေး ပဲ သိနေကြတာမျိုး *** ဖြစ်တတ်ပါတယ် ။

ကိုယ့် ပတ်ဝန်းကျင်မှာ ဒီလို လူတွေ ဘယ်လောက်တောင် များနေလဲ
တစ်ချက်လောက် ကြည့်လိုက် ရင် ပိုပြီး ရှင်းသွားမှာပါ ။

၂။ နောက် တစ်ချက်က ပန်းတိုင် ချမှတ် သင့်မှန်း / ရည်မှန်းချက် ရှိသင့်မှန်း သိပေမယ့် အဲဒါကို
ဘယ်ကနေ ဘယ်လို စလုပ် ရမလဲ ကို သေချာ မသိတာပါ ။
သိရင်တောင် အပေါ်ရံလောက် ဖြစ်တတ်ပြီး
တကယ် တိတိကျကျ သေသေချာချာ မလုပ်တတ်ဘဲ ဝေဝါးနေတာမျိုး ပါ ။
ပိုဆိုးတာက အဲလို ဝေဝါးနေလျက်နဲ့ ကိုယ့်ကိုယ်ကိုတော့ ပန်းတိုင် ရှိနေတယ် လို့ ယုံမှတ်ထားတာမျိုးပါ ။




ဥပမာ ပြောရရင် ဘုမသိ ဘမသိ နဲ့ အိမ်က တိုက်တွန်းလို့
ဒီကျောင်း / ဒီ သင်တန်း တက်လိုက်ရတယ် ။
ဒီကျောင်း / ဒီ သင်တန်း ကို အောင်ဖို့က ကိုယ့် ပန်းတိုင် ဖြစ်လာတယ် ။
ဒါပေမယ့် ဒါပြီးရင် ဘာလုပ်ရမှန်း သေချာ ကို မသိတာ ။
( သူတို့ကို တိုက်တွန်းတဲ့လူတွေတောင် တစ်ခါ တလေ သေချာမသိဘဲ
အများယောင်လို့ လိုက် ယောင်ကြတာ များနေတယ် လေ )

ဒီတော့ တစ်ချို့တွေ လမ်းခုလတ် မှာ ရပ်သွားကြတယ် ။

တစ်ချို့လည်း အိမ်က တိုက်တွန်းတာကို ပြီးဆုံးအောင်လုပ်လိုက်ပေမယ့်
မပျော်တော့ လုပ်ငန်းခွင် ရောက်တဲ့အခါ နဲ့
ဘဝ တစ်လျှောက်လုံး မှာ
*** အလုပ်ကို ဝဋ်ကြွေး ကြီး တစ်ခုလို ခံစားပြီး *** လုပ်သွားကြရတယ် ။
စေ့စေ့ တွေးကြည့်ရင် အရမ်း ရင်နာဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေပါ ။




၃။ ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် လို့ လည်း ပန်းတိုင် ပျောက်တတ်တယ် ။

၄။ ငြင်း ပယ် ခံရမှာ / အပယ် ခံ ဖြစ်ရမှာ ကို ကြောက် လို့ လည်း ပန်းတိုင် ပျောက်တတ်တယ် ။

ဒီ ၂ ချက်ကို ပေါင်းပြီး ရှင်းပေးသွားပါမယ် ။
အပေါ်က ပြောခဲ့တဲ့ သူများ တိုက်တွန်းတာကို မလွန်ဆန်နိုင်လို့ လုပ်ခဲ့ရသူတွေထဲက
တစ်ချို့ လက် တစ်စုပ်စာ လူတွေလောက်ပဲ အချိန် တစ်ခု ကြာလာတဲ့ အခါ
ကိုယ့်ရဲ့ ပန်းတိုင် အစစ် ကို ပြန် ရှာတွေ့လာကြတယ် ။
( ကိုယ် တကယ် အသွေးအသားထဲက / နှလုံးသားထဲက ဖြစ်ချင်တာကို သိလာကြတယ် ။ )

ဒါတောင် တစ်ချို့ အခြေအနေ မပေးလို့ / သတ္တိ မပြည့်သေးလို့ လက်ရှိ လုပ်နေတာကို
မစွန့်ရဲဘဲ ကိုယ် လုပ်ချင်တာကို မလုပ်လိုက်ရတဲ့ ဝဋ်ကြီးကို ဆက်ခံနေရတာ မျိုး ရှိတတ်သေးတယ် ။
ဆုံးရှုံး ရမှာ / ကျရှုံး မှာ ကို ကြောက် တာပေါ့ ။
သူတို့တိုက်တွန်းတာကို မလုပ်လို့ သူတို့ ပတ်ဝန်းကျင်က သူတို့ကို ပယ် လိုက်မှာကို ကြောက်တာပေါ့ ။
မရောက်ဖူး / မလုပ်ဖူးတဲ့ ပတ်ဝန်းကျင် သစ် တစ်ခု က လူတွေက
သူတို့ကို ဝိုင်းပြီး တိုက်ခိုက်ကြမှာ /
ငြင်း ပယ် ကြမှာ ကို ကြောက်ကြတယ် ။




တစ်ချို့ သွေးကောင်းလို့ / အခြေအနေပေးလို့
ပန်းတိုင်ကို ရော လမ်းကြောင်းကိုပါ ပြောင်းလိုက်နိုင်ကြတယ် ။
ဒါပေမယ့် သူတို့မှာ ရှေ့ပိုင်းက အချိန်တွေ / စိတ်ဓာတ်ခွန်အားတွေ အများကြီး နစ်နာသွားရတယ်လေ ။
ဘယ်တော့မှ မလုပ်တာထက် စာရင် နောက်ကျတာကမှ တော်သေးတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး
လုပ်ကြရတာမျိုး ပါ ။

စကားစပ်မိလို့ ပြောရရင် ကျွန်တော် ကိုယ်တိုင် ဒီလိုမျိုး ဖြစ်ခဲ့တာပါ ။
ကျွန်တော် ကိုယ်တိုင် ( မိသားစုရဲ့ လိုအပ်ချက် အရ ) ဆုံးဖြတ်ပြီး
ရေကြောင်း တက္ကသိုလ် ( Myanmar Maritime University ) တက် ခဲ့ ရတယ် ။
ကျောင်းမှာ ၄ နှစ် စာသင်ရတယ် ။
ပြီးတော့ မှ သင်္ဘော ၁ နှစ် ကျော် လောက် လိုက်ရတယ် ။
စောင့်ရတာတွေ ထည့်ပေါင်းလိုက်တော့ ရေကြောင်း လုပ်ငန်းအတွက်
အချိန် ၆ နှစ် ခွဲလောက် တောင် ပေးလိုက်ရတယ် ။




ဒါပေမယ့် ဒီအလုပ်ဟာ ကိုယ်နဲ့ မကိုက်ဘူး ။
အခု အချိန်မှ မထွက် ရင် တစ်ဘဝ လုံး နစ်တော့မယ် ဆိုတာကို တွေးပြီး
သတ္တိမွေးပြီး သင်္ဘော အရာရှိ ဖြစ်မယ့် စာမေးပွဲတောင်ဝင်မဖြေတော့ဘဲ
လမ်းကြောင်း အတင်း ပြောင်းခဲ့တယ် ။
အိမ်နဲ့ အတန်အသင့် အတိုက်အခံတွေ လုပ်ခဲ့ရတယ် ။
အိမ်ပေါ်က ဆင်းသွားပေးဖို့လဲ အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး
ကျွန်တော့် မိသားစုကို အချိန် တစ်ခုပေးဖို့ ညှိနှိုင်းခဲ့ရတယ် ။

သူတို့ကတော့ ရိုးရိုးပဲ တွေးတာလေ ။
သင်္ဘော လိုက်တာ ပိုက်ဆံ လွယ်လွယ်ရတယ်ပေါ့ ။
ဒါပေမယ့် ကျွန်တော်နေချင်တဲ့ ဘဝ လူနေမှု စံ တွေနဲ့ ဒီအလုပ်နဲ့ မှ မကိုက်တာ ။
ကျွန်တော် အတော်လေး အတိုက်အခံ လုပ်ခဲ့ရတယ် ။




အခု အဲလို လမ်းကြောင်းပြောင်းခဲ့တာ ၃ နှစ်ကျော် ၄ နှစ် လောက် ရောက်လာပြီ ။
ကျွန်တော့် မှာ ကိုယ်ပိုင် ဘာသာစကားသင်တန်းကျောင်းလေး တစ်ခုနဲ့
သိန်း ၁၀ ဂဏာန်း ဝင်ငွေ လမ်းကြောင်းလေးတော့ ရထားနေပြီ ။
ကိုယ့် ရေကြောင်း သူငယ်ချင်းတွေလောက် ဝင်ငွေ မများပေမယ့်
ဘဝမှာ နေပျော်တယ် ။
***အလုပ် လုပ်နေရတယ်လို့ တောင် မခံစားရတဲ့
ကျွန်တော့် ဝါသနာ / စိတ်နေသဘောထားနဲ့ ကိုက်တဲ့
အလုပ်မျိုးကို ကျွန်တော် လုပ်ခွင့်ရနေပြီ ။

ကျွန်တော် ကံကောင်းတယ်လို့ပဲ အလွယ် သတ်မှတ်ချင်လည်း သတ်မှတ်နိုင်ပါတယ်ဗျာ ။

ဒါပေမယ့် ကျွန်တော် ဒီလို ကံကောင်းဖို့ အများကြီး လုပ်ခဲ့ရပါတယ် ။
ခေါင်းမာခဲ့ရပါတယ် ။ စွန့် စရာ ရှိတာတွေ စွန့်ခဲ့ရပါတယ် ။




ဂိမ်းတွေ ဖြတ်ခဲ့တယ် ။
ငါးနှစ်လောက် လိုက်စားခဲ့တဲ့ ဂီတအနုပညာ ကို လုံးဝ လှည့်မကြည့်ဖြစ်အောင်
စိတ်ပိုင်း ဆိုင်ရာ ကြီးကြီးမားမား ပြင်ဆင်ခဲ့ရတယ် ။
သိပ်ခင်တဲ့ သူငယ်ချင်းတွေကို ပျော်ရွှင်မှု အတွက် ပေါင်းချင်ပေမယ့်
ကိုယ့် ဘဝ တိုးတက်မှု အတွက် အထောက်အကူ မပေးနိုင်မှာမို့လို့
( အချိန် ကို ထိထိရောက်ရောက် အသုံးမချနိုင်မှာစိုးလို့ )
သူတို့ကို ခင်လျက်နဲ့ တတ်နိုင်သလောက် အဆက်အသွယ် မလုပ်ဖြစ်ဘဲ
ခပ် ဝေးဝေးမှာ ပဲ နေခဲ့ ရတယ် ။
စတာ စတာတွေ ပေါ့ဗျာ ။

ကျွန်တော်သာ ရေကြောင်းမှာ ဒီလောက် အချိန်တွေ မကုန်ခဲ့ရင်
ဒီအချိန်လောက်ဆို ဒီထက် ပိုမြင့်တဲ့ နေရာ တစ်ခုမှာ ရောက်နေနိုင်တယ်လို့ တွေးမိတာလည်း အခါခါ ပေါ့ဗျာ ။
လူငယ်တွေကိုဒါတွေ သိစေချင်တာပါပဲ ။




ဒီတော့ ဒီအချက်တွေ ထောက်ရှုပြီး ပန်းတိုင် ပျောက်နေပါတယ် ဆိုတဲ့
လူငယ်တွေကို အကြံပေးချင်တာက

  • ၁။ ပန်းတိုင် ချမှတ်တာကို အရေးအကြီးဆုံး အလုပ် တစ်ခု ဖြစ်တယ် လို့
    ခိုင်ခိုင်မာမာ ယုံကြည်ထားပါ ။ ဦးစားပေးပါ ။

 

  • ၂။ ပန်းတိုင် တစ်ခု / ပန်းတိုင် တွေကို ဘယ်လို စနစ်တကျ ချမှတ်ရမယ်ဆိုတာတွေကို
    သေချာ လေ့လာပါ / မေးမြန်းပါ / သင်ယူပါ /စာတွေ ဖတ်ပါ / ဟောပြောပွဲတွေ တက်ကြည့်ပါ ။ကိုယ် ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်နှင့်ပြီးသူတွေ နဲ့ စကားပြောကြည့်နိုင်အောင် ကြိုးစားပါ ။အဲလို လုပ်ဖို့မဖြစ်နိုင်သေးရင် သူတို့ရဲ့ အင်တာဗျူး တွေ / အတ္ထုပတ္တိ တွေ ရှာဖတ်ပါ ။ကိုယ်နဲ့ ပန်းတိုင်တူတဲ့ လူတွေကို လိုက်ရှာပြီး စကားပြောကြည့်ပါ ။တွဲလို့ ရရင် တွဲလုပ်ပါ ။



  • ၃။ ပန်းတိုင် အသစ်တွေအတွက် ကိုယ့်မှာရှိတာ တစ်ချို့ အဆုံးရှုံးခံရမှာတွေ ရှိတယ် ။
    ပန်းတိုင်ကို သွားရာလမ်းမှာလည်း ကျရှုံးမှုတွေ သေချာပေါက် ရှိနေဦးမယ် ။
    စိတ်ဓာတ် ခိုင်မာ အောင် ပြင်ဆင်ထားပါ ။

 

  • ၄။ ကိုယ့် ခံယူချက် တွေ ပန်းတိုင်တွေ နဲ့ မကိုက်ညီတဲ့ ပတ်ဝန်းကျင် က
    ကိုယ့်ကို ငြင်းပယ်မှာကို မကြောက်ပါနဲ့ ။
    တကယ်ဆိုရင် ကိုယ်ကတောင် သူတို့ကို ငြင်းပယ်နိုင်အောင် ကြိုးစားရမှာပါ ။
    ငြင်းပယ် လို့ မရတဲ့ လူတွေကို ဥပေက္ခာ ပြုနိုင်အောင် ကြိုးစားပါ ။

ကိုယ့် ပန်းတိုင် ကို မဖြစ်နိုင်ဘူးလို့ ( သေချာမလေ့လာ မစဉ်းစားပေးဘဲ ) ပြောမယ့်လူတွေ /
လှောင် ရယ် ရယ် ချင်တဲ့လူတွေ နေရာတိုင်းမှာ ရှိနေတတ်တယ် ။
သူတို့ကို ရင်ဆိုင် ကျော်လွှားနိုင်မှ / ဥပေက္ခာ ပြုနိုင်မှ
ကိုယ့် ပန်းတိုင်ကို ရောက်မယ် ဆိုတာ ရင်ထဲမှာ အမြဲ ထည့်ထားပါ ။




ဒီ စာကို ထပ်ခါထပ်ခါ ပြန်ဖတ်ပြီး အားမွေးပါ ။
လိုအပ်ရင် ကျွန်တော့် ကို လှမ်းပြီး ဆက်သွယ်မေးမြန်းပါ ။
ကျွန်တော်တတ်နိုင်တာတော့ ကျွန်တော် ကြိုးစားပေးမှာပါ ။

ကဲ ပြောနေ တွေးနေတာ ကြာပါတယ် ။
ဒီ ၄ ချက်ထဲက တစ်ခုခု ကို အခုပဲ စလုပ်ကြည့်နိုင်ဖို့ ကြိုးစားကြည့်လိုက်စမ်းပါဗျာ ။
ခင်ဗျားတို့ရဲ့ ပျောက်နေတယ်ဆိုတဲ့ ပန်းတိုင်ကြီး ဆီကို
ခင်ဗျားတို့ ကိုယ်တိုင် ဘွားခနဲ ရောက်သွားမှာ မလွဲစတမ်းပါဗျာ ။




လေးစားလျှက်
ကိုဇင်ဇေ
( Founder @ https://www.facebook.com/myanmardream )

” ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက် လှမ်းနိုင်ကြပါစေဗျာ “

 



Post a Comment

1 Comments

  1. We have the chance to turn the pages over


    We can write what we want to write.


    We gotta make ends meet, before we get much older.


    -C2D poster

    ReplyDelete