AD SPACE

ခေတ်သစ်ရဲ့ တောင်းဆိုမှုများ

ခေတ်သစ်ရဲ့ တောင်းဆိုမှုများ

တက်ကျမ်းစာအုပ်တွေဟာ ကျွန်တော်တို့ဆီမှာတင်မကပါဘူး၊ ကမ္ဘာမှာလည်း အရောင်းရဆုံး၊ လူဖတ်အများဆုံးစာရင်းဝင်စာအုပ်တွေ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဓါတ်လှုံ့ဆော်ရေး ဟောပြောသူတွေ၊ ဟောပြောပွဲတွေဆိုလည်း မနည်းမနောပါပဲ။ ပရော်ဖက်ရှင်နယ်လိုင်းအနေနဲ့ ရပ်တည်နေသူတွေလည်း ရှိပါတယ်။



တက်ကျမ်းတွေဟာ လူကို အကျိုးရှိစေနိုင်တာ မှန်ပေမယ့် အဲဒီလိုအကျိုးရှိစေဖို့ ဆိုရင် ဖတ်တဲ့သူ၊ နားထောင်တဲ့သူက ကိုယ်တိုင် လိုက်လုပ်မှ ရပါလိမ့်မယ်။ မဟုတ်ရင် အလကားပါပဲ။ တက်ကျမ်းစာအုပ်တွေက ကိုယ့်စာအုပ်စင်ရဲ့ နေရာတော်တော်များများကို ယူထားပြီးတာတောင် ကိုယ့်ဘဝ အခြေအနေက ထူးခြားမလာသေးဘူးဆိုရင် အဲဒီစာအုပ်တွေ ထပ်မဝယ်ပါနဲ့တော့။ ဝယ်လည်း ထူးမှာ မဟုတ်တော့ပါဘူး။ ဒါက တက်ကျမ်းရဲ့ ပထမအားနည်းချက်။

နောက်အားနည်းချက်တစ်ခုတော့ ခုလို အပြောင်းအလဲတွေ မြောက်များစွာ ဖြစ်နေတဲ့ ခေတ်ကြီးမှာ တက်ကြမ်းတွေလည်း ပြောင်းလဲဖို့ လိုနေပြီဆိုတာပါပဲ။ သိပ်သမားရိုးကျဆန်တဲ့ “ကြိုးစားကြပါ၊ ဝီရိယရှိကြပါ၊ ပိုက်ဆံစုကြပါ၊ စာဖတ်ပါ” ဆိုတာတွေက နားထောင်လို့တော့ ကောင်းပေမယ့် ဒီခေတ်မှာ မလုံလောက်တော့ပါဘူး။



ဒါကြောင့် ခေတ်သစ်တက်ကျမ်းတွေ လိုလာပါတယ်။ ခေတ်သစ်တက်ကျမ်းဆိုတာ တခြားမဟုတ်ပါဘူး။ ခေတ်သစ်ရဲ့ လိုအပ်ချက်အသစ်တွေကို ဘယ်လိုဖြည့်ဆည်းကြရမလဲ ပြောပြထားတဲ့ စာတွေကို ဆိုလိုတာပါ။
ဒါဖြင့် ခေတ်သစ်က ဘာလိုအပ်ချက်အသစ်တွေ တောင်းဆိုနေသလဲ။

၁။ ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်

နယ်က လူငယ်တွေကို ဘီလ်ဂိတ်စ်အကြောင်း သွားပြောမယ်ဆိုပါတော့။ သူက ဘယ်လောက်ကြိုးစားတာ၊ ပညာ ဘယ်လိုထူးချွန်တာ၊ ခုဆို သူ့ပိုင်ဆိုင်မှုတွေက ဘယ်လောက်ဖြစ်နေပြီ၊ သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားကြ ဆိုပြီး ပြောတတ်ကြပါတယ်။ လက်တွေ့ကျပါရဲ့လား။ လူတစ်ယောက် အောင်မြင်ဖို့ ဆိုရာမှာ ပတ်ဝန်းကျင်ကလည်း အရေးပါပါတယ်။ စီရော်နယ်ဒို မြန်မာပြည်မှာ လူလာဖြစ်ရင် လူကောင်ခပ်သေးသေးနဲ့ ဘောလုံးသမားလေး ဖြစ်နေမှာပေါ့။ ဘီလ်ဂိတ်စ်ဆိုရင်ရော၊ အောင်မြင်ချင် အောင်မြင်မယ်၊ ဒီနေ့လို အဆင့်အတန်းမျိုး ရှိနေမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းကို ရှာနိုင်ဖို့ လိုတယ်။ ရန်ကုန်လို၊ မန္တလေးလို၊ နောက်ဆုံး နိုင်ငံရပ်ခြားအထိ အခွင့်အလမ်းများတဲ့ နေရာတွေကို ရဲရဲဝင့်ဝင့် ပြောင်းရွှေ့ပစ်နိုင်ဖို့ လိုတယ်။ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာပဲ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးနဲ့ မိန်းမောမနေကြဘဲ Comfort zone ထဲကနေ ထွက်ခဲ့ကြဖို့ လိုပါမယ်။



၂။ Digital literacy

ဖုန်းဘေလ်တွေ အကုန်ခံမယ့်အစား စာအုပ်ဝယ်ဖတ်လိုက်တာ ပိုအကျိုးရှိမတဲ့။ ထပ်မှားပါတယ်။ ဖေ့စ်ဘွတ်ပဲ ဖွင့်ပြီး အရေးမပါတာတွေ လုပ်နေမယ်၊ Chatting ထိုင်နေမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ခုခေတ်မှာ ဖုန်းကိုအသုံးပြုပြီး လေ့လာလို့ရတာတွေ၊ ချိတ်ဆက်လို့ရတာတွေ အများကြီး ရှိလာပါပြီ။ ဒါကြောင့် မင်းတို့ ဖုန်းပဲပွတ်မနေနဲ့ ဆိုပြီး တရားသေတားဖို့ ခက်လာပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ နည်းပညာ တတ်ကျွမ်းမှုက မရှိမဖြစ် အရေးပါလာပါပြီ။ အရင်လို စာအုပ်ချည်းပဲ ထိုင်ဖတ်နေလို့ ရတော့တဲ့ ခေတ် မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာရှိတဲ့ အကန့်အသတ်တွေအားလုံးကို အင်တာနက်က ချုံ့ပစ်လိုက်ပါတယ်။ ဘယ်သူနဲ့မဆို ချိတ်ဆက်လို့ရပြီ၊ ဘယ်ပညာမဆို သင်ကြားလို့ရပြီ။ ဒီခေတ်မှာ အင်တာနက် ကောင်းကောင်း မသုံးတတ်ဘူး၊ သုံးမနေဘူးဆိုရင် ကိုယ့်အတွက်တော့ ဒီအကန့်အသတ်တွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။



၃။ ဆိုင်တဲ့စာပဲ ဖတ်ပါ



စဉ်းစားကြည့်ပါ။ ဒီလောက်များပြားလှတဲ့ စာအုပ်တွေကြားထဲမှာ ဘယ်လိုလုပ် အကုန်လိုက်ဖတ်မလဲ။ စာဖတ်ရုံ သက်သက်နဲ့ကို တစ်ယောက်ယောက်က လစာပေးထားတယ်ဆို ဟုတ်တာပေါ့။ စာအစုံ မဖတ်ပါနဲ့။ ကိုယ့်အလုပ်နဲ့ ဆိုင်တာ၊ ကိုယ့်ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်မယ့်စာကို ဦးစားပေးဖတ်၊ EQ မြင့်ဖို့ ရသစာပေ များများဖတ်။ ဒီလောက်ဆို လုံလောက်ပါတယ်။
တစ်ခုလေး သတိထားစေချင်တာကတော့ စာဘယ်လောက်ဖတ်ထားတယ် ဆိုတာထက် ဖတ်ထားတဲ့ စာတွေကို ဘယ်လောက်ပြန်အသုံးချပြီးပြီ ဆိုတာက ပိုအရေးကြီးပါတယ်။

၄။ Result-oriented age



ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲတစ်ရပ်ပါ။ အဖွဲ့အစည်း တော်တော်များများဟာ ဒီပုံစံဖြစ်နေကြပါပြီ။ မနေ့က မင်း ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး၊ ဒီနေ့ မင်းဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပဲ ကြည့်ကြတော့တယ်။ မင်းရခဲ့တဲ့ ဆုတံဆိပ်တွေထက် မင်းရဲ့ လက်ရှိပုံစံ (current form) ကပဲ မင်းအတွက် အာမခံချက်ပေးနိုင်လိမ့်မယ်။ ဒီကုမ္ပဏီမှာ ကိုယ်က လုပ်သက်အရင့်ဆုံးမို့ နောက်ဆုံးမှ အလုပ်ဖြုတ်မယ် မထင်နဲ့၊ First In Last Out မဟုတ်တော့ဘူး အရင်ဆုံးဝင်ပြီး အရင်ဆုံး ထွက်သွားရတဲ့သူ First In First Out လည်း ဖြစ်သွားနိုင်တယ်။

၅။ Human skill



အောင်မြင်ချင်ရင် အလုပ်ကြိုးစားပါ၊ အလုပ်မှာ ထူးချွန်အောင် လုပ်ပါ ပြောကြတယ်။ မှန်ပါတယ်။ ဒီခေတ်မှာ ကိုယ့်အလုပ်ကို အောင်မြင်ရင် ရပြီလား။

Skill ၃ မျိုး ရှိပါတယ်။ Technical skill အလုပ်နဲ့ပတ်သက်တဲ့ အရည်အသွေးပါ။ တစ်ဆင့်ထပ်တက်ရင် Human skill လူတွေကို စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဦးဆောင်မှုပေးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ဒါတွေ လုပ်တတ်ဖို့ လိုလာတယ်။ နောက်ဆုံးက Conceptual skill ဆုံးဖြတ်ချက်ပေးရတဲ့ ရာထူးအဆင့်မျိုးတွေ ရှိရမယ့် အရည်အသွေးမျိုး။ လူငယ်အများစုဟာ Technical skill ရှိကြတယ်။ ဒါပေမယ့် Human skill မရှိဘူးဆိုရင်တော့ Managerial role ကို ရဖို့ ခက်ပါလိမ့်မယ်။ အလုပ်ချည်း ကြိုးစားမနေဘဲ Human skill တက်ဖို့ကိုလည်း ကြိုးစားကြစေချင်တယ်။



၆။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံပါ

ရတဲ့ ပိုက်ဆံတွေ ဆယ်ပုံတစ်ပုံကို စုထားပါ လို့ ပြောတတ်ကြပါတယ်။ ဒါက မိသားစုအခြေအနေနဲ့တော့ ဆိုင်မှာပေါ့။ အကယ်၍များ ကိုယ်က ကိုယ်ရှာတာ ကိုယ်သုံးခွင့်ရှိတယ်ဆိုရင်တော့ အဲဒီစည်းမျဉ်းကို လိုက်နာစရာ မလိုပါဘူး။ ဘာလို့ဆိုတော့ ငယ်တုန်းမှာ ငွေနောက်မလိုက်ပါနဲ့၊ အတွေ့အကြုံနဲ့ ပညာနောက်သာ လိုက်ပါ။ လုပ်တဲ့ အဖွဲ့အစည်းက လစာနည်းရင်တောင် ခေါင်းဆောင်က လေးစားစရာ ကောင်းမယ်၊ သင်ယူစရာတွေရှိတယ်၊ အတွေ့အကြုံ ကောင်းကောင်းရမယ်၊ ဒီမှာလုပ်လိုက်တဲ့အတွက် ကိုယ့် CV လေးက သိပ်လှသွားမယ်ဆို လုပ်သာ လုပ်လိုက်ပါ။ ရတဲ့ငွေကို မစုနဲ့။ သင်တန်းတွေ တက်၊ စာအုပ်တွေ ဝယ်ဖတ်ပါ။

၇။ ပြောင်းလဲပြင်လွယ် ဖြစ်ဖို့



ကြီးတဲ့ငါးထက် မြန်တဲ့ငါး ဖြစ်ဖို့လိုပါတယ် တဲ့။ ဆိုလိုတာက ခေတ်က ဘာဖြစ်လာနိုင်တယ် ရယ်လို့ ကြိုတင်မှန်းဆပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တဲ့သူတွေပဲ ထိပ်တန်းရောက်နေကြတာကို ပြောတာပါ။

၈။ EQ မြင့်ဖို့

ဒီဘက်ခေတ်မှာ ဉာဏ်ရည်ဘယ်လောက်မြင့်တယ် ဆိုတာထက် EQ ဘယ်လောက်မြင့်တယ်ဆိုတာကို ပိုဇောင်းပေးပြောလာကြပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ တစ်ဖက်ရဲ့ အခြေအနေကို ထည့်တွေးပြီး ဘယ်လောက်ညှိနှိုင်းဆောင်ရွက်နိုင်သလဲ၊ ပေါင်းသင်းဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ ဆိုတာက အောင်မြင်မှုမှာ တော်တော်လေး အရေးပါလာပါတယ်။ Social capital လို့ ပြောရမယ့်၊ ကိုယ့်မှာ Network ဘယ်လောက်ကျယ်သလဲ၊ ကိုယ့်ကို ကူညီမယ့်သူ၊ ထောက်ခံမယ့်သူ၊ ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်သူ ဘယ်နှယောက်ရှိလဲ၊ ဘယ်လိုလူတွေလဲ၊ ဒီလိုလူမှုအရင်းအနှီးတွေက အောင်မြင်ဖို့အတွက် အရေးပါလာပါတယ်။



၉။ Strategic approach

Strategy ဆိုတာ အရိုးရှင်းဆုံး ပြောရရင် A set of long term objectives ပါ။ ဒါဟာ စီးပွါးရေးမှာမှ သုံးလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက်လည်း အသုံးချလို့ ရပါတယ်။ ရေရှည်ရည်မှန်းချက်တွေ ချပြီး အလုပ်လုပ်တာဟာ မဟာဗျူဟာပါပဲ။ တစ်နေ့ ငါဘာဖြစ်ရမယ် ဆိုတဲ့ ယေဘုယျဆန်တဲ့ ရည်မှန်းချက်တွေထက် ငါ ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေရမယ်၊ ဒီအတွက် ငါ ဘာကျောင်းတက်ရမယ်၊ ဘာပညာတွေ သင်ရမယ်၊ ဘယ်လိုအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်ရမယ်၊ ကိုယ့် Brand ကို ဘယ်လိုတည်ဆောက်မယ်၊ ဘယ်သူတွေနဲ့ Network ချိတ်မယ် စသဖြင့် နှစ်ကာလအလိုက် မဟာဗျူဟာတွေ ချမှတ်ပြီး အလုပ်လုပ်တတ်ဖို့ လိုလာပါတယ်။



၁၀။ Work smart

အလုပ်ကြိုးစားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဆိုက္ကားဆရာတစ်ယောက် တစ်နေ့ ၁၀ နာရီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်လို့ ရတဲ့ငွေဟာ ဆရာဝန်တစ်ယောက်ရဲ့ တစ်နာရီစာ ဝင်ငွေနဲ့ သွားတူနေပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ ဝင်ငွေတစ်လစာက သူ့ဆေးရုံပိုင်ရှင်ဝင်ငွေရဲ့ အင်မတန် သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အလုပ်ကြိုးစားတိုင်း ရပြီလားဆိုရင် မရသေးပါဘူး။ ဒါဖြင့် ဘာတွေ ထပ်ဆောင်းဖို့ လိုသေးလဲ။ ပညာ လိုပါတယ်။ အိုင်ဒီယာ လိုပါတယ်။ ရင်းနှီးမြှပ်နှံတတ်ဖို့ လိုပါတယ်။
ဒါတွေကတော့ ခေတ်သစ်က ကျွန်တော်တို့ကို တောင်းဆိုနေတဲ့ လိုအပ်ချက်တွေထဲက စဉ်းစားမိသလောက်ကို ရေးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးရင်းနဲ့ စာဖတ်သူများအတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိမယ် ယူဆလို့ပါ။



ဒေါက်တာ ဖြိုးသီဟ
၂၄.၁၀.၂၀၁၆

[ zawgyi ]

ေခတ္သစ္ရဲ႕ ေတာင္းဆိုမႈမ်ား

တက္က်မ္းစာအုပ္ေတြဟာ ကြၽန္ေတာ္တို႔ဆီမွာတင္မကပါဘူး၊ ကမာၻမွာလည္း အေရာင္းရဆုံး၊ လူဖတ္အမ်ားဆုံးစာရင္းဝင္စာအုပ္ေတြ ျဖစ္ေနတတ္ၾကပါတယ္။ စိတ္ဓါတ္လႈံ႕ေဆာ္ေရး ေဟာေျပာသူေတြ၊ ေဟာေျပာပြဲေတြဆိုလည္း မနည္းမေနာပါပဲ။ ပေရာ္ဖက္ရွင္နယ္လိုင္းအေနနဲ႔ ရပ္တည္ေနသူေတြလည္း ရွိပါတယ္။



တက္က်မ္းေတြဟာ လူကို အက်ိဳးရွိေစႏိုင္တာ မွန္ေပမယ့္ အဲဒီလိုအက်ိဳးရွိေစဖို႔ ဆိုရင္ ဖတ္တဲ့သူ၊ နားေထာင္တဲ့သူက ကိုယ္တိုင္ လိုက္လုပ္မွ ရပါလိမ့္မယ္။ မဟုတ္ရင္ အလကားပါပဲ။ တက္က်မ္းစာအုပ္ေတြက ကိုယ့္စာအုပ္စင္ရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားကို ယူထားၿပီးတာေတာင္ ကိုယ့္ဘဝ အေျခအေနက ထူးျခားမလာေသးဘူးဆိုရင္ အဲဒီစာအုပ္ေတြ ထပ္မဝယ္ပါနဲ႔ေတာ့။ ဝယ္လည္း ထူးမွာ မဟုတ္ေတာ့ပါဘူး။ ဒါက တက္က်မ္းရဲ႕ ပထမအားနည္းခ်က္။

ေနာက္အားနည္းခ်က္တစ္ခုေတာ့ ခုလို အေျပာင္းအလဲေတြ ေျမာက္မ်ားစြာ ျဖစ္ေနတဲ့ ေခတ္ႀကီးမွာ တက္ၾကမ္းေတြလည္း ေျပာင္းလဲဖို႔ လိုေနၿပီဆိုတာပါပဲ။ သိပ္သမား႐ိုးက်ဆန္တဲ့ “ႀကိဳးစားၾကပါ၊ ဝီရိယရွိၾကပါ၊ ပိုက္ဆံစုၾကပါ၊ စာဖတ္ပါ” ဆိုတာေတြက နားေထာင္လို႔ေတာ့ ေကာင္းေပမယ့္ ဒီေခတ္မွာ မလုံေလာက္ေတာ့ပါဘူး။



ဒါေၾကာင့္ ေခတ္သစ္တက္က်မ္းေတြ လိုလာပါတယ္။ ေခတ္သစ္တက္က်မ္းဆိုတာ တျခားမဟုတ္ပါဘူး။ ေခတ္သစ္ရဲ႕ လိုအပ္ခ်က္အသစ္ေတြကို ဘယ္လိုျဖည့္ဆည္းၾကရမလဲ ေျပာျပထားတဲ့ စာေတြကို ဆိုလိုတာပါ။
ဒါျဖင့္ ေခတ္သစ္က ဘာလိုအပ္ခ်က္အသစ္ေတြ ေတာင္းဆိုေနသလဲ။

၁။ ပံ့ပိုးေပးတဲ့ ပတ္ဝန္းက်င္

နယ္က လူငယ္ေတြကို ဘီလ္ဂိတ္စ္အေၾကာင္း သြားေျပာမယ္ဆိုပါေတာ့။ သူက ဘယ္ေလာက္ႀကိဳးစားတာ၊ ပညာ ဘယ္လိုထူးခြၽန္တာ၊ ခုဆို သူ႔ပိုင္ဆိုင္မႈေတြက ဘယ္ေလာက္ျဖစ္ေနၿပီ၊ သူ႔လိုျဖစ္ခ်င္ရင္ သူ႔လိုႀကိဳးစားၾက ဆိုၿပီး ေျပာတတ္ၾကပါတယ္။ လက္ေတြ႕က်ပါရဲ႕လား။ လူတစ္ေယာက္ ေအာင္ျမင္ဖို႔ ဆိုရာမွာ ပတ္ဝန္းက်င္ကလည္း အေရးပါပါတယ္။ စီေရာ္နယ္ဒို ျမန္မာျပည္မွာ လူလာျဖစ္ရင္ လူေကာင္ခပ္ေသးေသးနဲ႔ ေဘာလုံးသမားေလး ျဖစ္ေနမွာေပါ့။ ဘီလ္ဂိတ္စ္ဆိုရင္ေရာ၊ ေအာင္ျမင္ခ်င္ ေအာင္ျမင္မယ္၊ ဒီေန႔လို အဆင့္အတန္းမ်ိဳး ရွိေနမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒါေၾကာင့္ လူငယ္ေတြအေနနဲ႔ ပတ္ဝန္းက်င္ေကာင္းကို ရွာႏိုင္ဖို႔ လိုတယ္။ ရန္ကုန္လို၊ မႏၲေလးလို၊ ေနာက္ဆုံး ႏိုင္ငံရပ္ျခားအထိ အခြင့္အလမ္းမ်ားတဲ့ ေနရာေတြကို ရဲရဲဝင့္ဝင့္ ေျပာင္းေ႐ႊ႕ပစ္ႏိုင္ဖို႔ လိုတယ္။ ကိုယ့္ေနရာ၊ ကိုယ့္ေဒသမွာပဲ ပုံမွန္ဝင္ေငြရတဲ့ အလုပ္ေလးနဲ႔ မိန္းေမာမေနၾကဘဲ Comfort zone ထဲကေန ထြက္ခဲ့ၾကဖို႔ လိုပါမယ္။



၂။ Digital literacy

ဖုန္းေဘလ္ေတြ အကုန္ခံမယ့္အစား စာအုပ္ဝယ္ဖတ္လိုက္တာ ပိုအက်ိဳးရွိမတဲ့။ ထပ္မွားပါတယ္။ ေဖ့စ္ဘြတ္ပဲ ဖြင့္ၿပီး အေရးမပါတာေတြ လုပ္ေနမယ္၊ Chatting ထိုင္ေနမယ္ ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ ဒါေပမယ့္ ခုေခတ္မွာ ဖုန္းကိုအသုံးျပဳၿပီး ေလ့လာလို႔ရတာေတြ၊ ခ်ိတ္ဆက္လို႔ရတာေတြ အမ်ားႀကီး ရွိလာပါၿပီ။ ဒါေၾကာင့္ မင္းတို႔ ဖုန္းပဲပြတ္မေနနဲ႔ ဆိုၿပီး တရားေသတားဖို႔ ခက္လာပါတယ္။ ၿပီးေတာ့ ဒီေန႔ေခတ္မွာ နည္းပညာ တတ္ကြၽမ္းမႈက မရွိမျဖစ္ အေရးပါလာပါၿပီ။ အရင္လို စာအုပ္ခ်ည္းပဲ ထိုင္ဖတ္ေနလို႔ ရေတာ့တဲ့ ေခတ္ မဟုတ္ပါဘူး။
ကမာၻႀကီးမွာရွိတဲ့ အကန္႔အသတ္ေတြအားလုံးကို အင္တာနက္က ခ်ဳံ႕ပစ္လိုက္ပါတယ္။ ဘယ္သူနဲ႔မဆို ခ်ိတ္ဆက္လို႔ရၿပီ၊ ဘယ္ပညာမဆို သင္ၾကားလို႔ရၿပီ။ ဒီေခတ္မွာ အင္တာနက္ ေကာင္းေကာင္း မသုံးတတ္ဘူး၊ သုံးမေနဘူးဆိုရင္ ကိုယ့္အတြက္ေတာ့ ဒီအကန္႔အသတ္ေတြက ရွိေနဦးမွာပဲ ျဖစ္ပါတယ္။



၃။ ဆိုင္တဲ့စာပဲ ဖတ္ပါ



စဥ္းစားၾကည့္ပါ။ ဒီေလာက္မ်ားျပားလွတဲ့ စာအုပ္ေတြၾကားထဲမွာ ဘယ္လိုလုပ္ အကုန္လိုက္ဖတ္မလဲ။ စာဖတ္႐ုံ သက္သက္နဲ႔ကို တစ္ေယာက္ေယာက္က လစာေပးထားတယ္ဆို ဟုတ္တာေပါ့။ စာအစုံ မဖတ္ပါနဲ႔။ ကိုယ့္အလုပ္နဲ႔ ဆိုင္တာ၊ ကိုယ့္ရည္မွန္းခ်က္အတြက္ အေထာက္အပံ့ျဖစ္မယ့္စာကို ဦးစားေပးဖတ္၊ EQ ျမင့္ဖို႔ ရသစာေပ မ်ားမ်ားဖတ္။ ဒီေလာက္ဆို လုံေလာက္ပါတယ္။
တစ္ခုေလး သတိထားေစခ်င္တာကေတာ့ စာဘယ္ေလာက္ဖတ္ထားတယ္ ဆိုတာထက္ ဖတ္ထားတဲ့ စာေတြကို ဘယ္ေလာက္ျပန္အသုံးခ်ၿပီးၿပီ ဆိုတာက ပိုအေရးႀကီးပါတယ္။

၄။ Result-oriented age



ဒီေန႔ေခတ္ရဲ႕ အေျပာင္းအလဲတစ္ရပ္ပါ။ အဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားဟာ ဒီပုံစံျဖစ္ေနၾကပါၿပီ။ မေန႔က မင္း ဘာလုပ္ခဲ့တယ္ဆိုတာ ဘယ္သူမွ စိတ္မဝင္စားေတာ့ဘူး၊ ဒီေန႔ မင္းဘယ္ေလာက္လုပ္ႏိုင္သလဲ ဆိုတာပဲ ၾကည့္ၾကေတာ့တယ္။ မင္းရခဲ့တဲ့ ဆုတံဆိပ္ေတြထက္ မင္းရဲ႕ လက္ရွိပုံစံ (current form) ကပဲ မင္းအတြက္ အာမခံခ်က္ေပးႏိုင္လိမ့္မယ္။ ဒီကုမၸဏီမွာ ကိုယ္က လုပ္သက္အရင့္ဆုံးမို႔ ေနာက္ဆုံးမွ အလုပ္ျဖဳတ္မယ္ မထင္နဲ႔၊ First In Last Out မဟုတ္ေတာ့ဘူး အရင္ဆုံးဝင္ၿပီး အရင္ဆုံး ထြက္သြားရတဲ့သူ First In First Out လည္း ျဖစ္သြားႏိုင္တယ္။

၅။ Human skill



ေအာင္ျမင္ခ်င္ရင္ အလုပ္ႀကိဳးစားပါ၊ အလုပ္မွာ ထူးခြၽန္ေအာင္ လုပ္ပါ ေျပာၾကတယ္။ မွန္ပါတယ္။ ဒီေခတ္မွာ ကိုယ့္အလုပ္ကို ေအာင္ျမင္ရင္ ရၿပီလား။

Skill ၃ မ်ိဳး ရွိပါတယ္။ Technical skill အလုပ္နဲ႔ပတ္သက္တဲ့ အရည္အေသြးပါ။ တစ္ဆင့္ထပ္တက္ရင္ Human skill လူေတြကို စည္း႐ုံးတာ၊ လႈံ႕ေဆာ္တာ၊ ဦးေဆာင္မႈေပးတာ၊ ပူးေပါင္းေဆာင္႐ြက္တာ၊ ဒါေတြ လုပ္တတ္ဖို႔ လိုလာတယ္။ ေနာက္ဆုံးက Conceptual skill ဆုံးျဖတ္ခ်က္ေပးရတဲ့ ရာထူးအဆင့္မ်ိဳးေတြ ရွိရမယ့္ အရည္အေသြးမ်ိဳး။ လူငယ္အမ်ားစုဟာ Technical skill ရွိၾကတယ္။ ဒါေပမယ့္ Human skill မရွိဘူးဆိုရင္ေတာ့ Managerial role ကို ရဖို႔ ခက္ပါလိမ့္မယ္။ အလုပ္ခ်ည္း ႀကိဳးစားမေနဘဲ Human skill တက္ဖို႔ကိုလည္း ႀကိဳးစားၾကေစခ်င္တယ္။



၆။ ကိုယ့္ကိုယ္ကိုယ္ ရင္းႏွီးျမႇပ္ႏွံပါ

ရတဲ့ ပိုက္ဆံေတြ ဆယ္ပုံတစ္ပုံကို စုထားပါ လို႔ ေျပာတတ္ၾကပါတယ္။ ဒါက မိသားစုအေျခအေနနဲ႔ေတာ့ ဆိုင္မွာေပါ့။ အကယ္၍မ်ား ကိုယ္က ကိုယ္ရွာတာ ကိုယ္သုံးခြင့္ရွိတယ္ဆိုရင္ေတာ့ အဲဒီစည္းမ်ဥ္းကို လိုက္နာစရာ မလိုပါဘူး။ ဘာလို႔ဆိုေတာ့ ငယ္တုန္းမွာ ေငြေနာက္မလိုက္ပါနဲ႔၊ အေတြ႕အႀကဳံနဲ႔ ပညာေနာက္သာ လိုက္ပါ။ လုပ္တဲ့ အဖြဲ႕အစည္းက လစာနည္းရင္ေတာင္ ေခါင္းေဆာင္က ေလးစားစရာ ေကာင္းမယ္၊ သင္ယူစရာေတြရွိတယ္၊ အေတြ႕အႀကဳံ ေကာင္းေကာင္းရမယ္၊ ဒီမွာလုပ္လိုက္တဲ့အတြက္ ကိုယ့္ CV ေလးက သိပ္လွသြားမယ္ဆို လုပ္သာ လုပ္လိုက္ပါ။ ရတဲ့ေငြကို မစုနဲ႔။ သင္တန္းေတြ တက္၊ စာအုပ္ေတြ ဝယ္ဖတ္ပါ။

၇။ ေျပာင္းလဲျပင္လြယ္ ျဖစ္ဖို႔



ႀကီးတဲ့ငါးထက္ ျမန္တဲ့ငါး ျဖစ္ဖို႔လိုပါတယ္ တဲ့။ ဆိုလိုတာက ေခတ္က ဘာျဖစ္လာႏိုင္တယ္ ရယ္လို႔ ႀကိဳတင္မွန္းဆၿပီး ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲႏိုင္တဲ့သူေတြပဲ ထိပ္တန္းေရာက္ေနၾကတာကို ေျပာတာပါ။

၈။ EQ ျမင့္ဖို႔

ဒီဘက္ေခတ္မွာ ဉာဏ္ရည္ဘယ္ေလာက္ျမင့္တယ္ ဆိုတာထက္ EQ ဘယ္ေလာက္ျမင့္တယ္ဆိုတာကို ပိုေဇာင္းေပးေျပာလာၾကပါတယ္။ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ဘယ္ေလာက္ထိ ထိန္းခ်ဳပ္ႏိုင္သလဲ၊ တစ္ဖက္ရဲ႕ အေျခအေနကို ထည့္ေတြးၿပီး ဘယ္ေလာက္ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္သလဲ၊ ေပါင္းသင္းဆက္ဆံေရး ဘယ္ေလာက္ ေကာင္းသလဲ ဆိုတာက ေအာင္ျမင္မႈမွာ ေတာ္ေတာ္ေလး အေရးပါလာပါတယ္။ Social capital လို႔ ေျပာရမယ့္၊ ကိုယ့္မွာ Network ဘယ္ေလာက္က်ယ္သလဲ၊ ကိုယ့္ကို ကူညီမယ့္သူ၊ ေထာက္ခံမယ့္သူ၊ ကိုယ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္သူ ဘယ္ႏွေယာက္ရွိလဲ၊ ဘယ္လိုလူေတြလဲ၊ ဒီလိုလူမႈအရင္းအႏွီးေတြက ေအာင္ျမင္ဖို႔အတြက္ အေရးပါလာပါတယ္။



၉။ Strategic approach

Strategy ဆိုတာ အ႐ိုးရွင္းဆုံး ေျပာရရင္ A set of long term objectives ပါ။ ဒါဟာ စီးပြါးေရးမွာမွ သုံးလို႔ရတာ မဟုတ္ပါဘူး။ ကိုယ့္ဘဝအတြက္လည္း အသုံးခ်လို႔ ရပါတယ္။ ေရရွည္ရည္မွန္းခ်က္ေတြ ခ်ၿပီး အလုပ္လုပ္တာဟာ မဟာဗ်ဴဟာပါပဲ။ တစ္ေန႔ ငါဘာျဖစ္ရမယ္ ဆိုတဲ့ ေယဘုယ်ဆန္တဲ့ ရည္မွန္းခ်က္ေတြထက္ ငါ ဘယ္အသက္အ႐ြယ္မွာ ဘာျဖစ္ေနရမယ္၊ ဒီအတြက္ ငါ ဘာေက်ာင္းတက္ရမယ္၊ ဘာပညာေတြ သင္ရမယ္၊ ဘယ္လိုအဖြဲ႕အစည္းမ်ိဳးမွာ အလုပ္လုပ္ရမယ္၊ ကိုယ့္ Brand ကို ဘယ္လိုတည္ေဆာက္မယ္၊ ဘယ္သူေတြနဲ႔ Network ခ်ိတ္မယ္ စသျဖင့္ ႏွစ္ကာလအလိုက္ မဟာဗ်ဴဟာေတြ ခ်မွတ္ၿပီး အလုပ္လုပ္တတ္ဖို႔ လိုလာပါတယ္။



၁၀။ Work smart

အလုပ္ႀကိဳးစားတယ္ဆိုတာ ေကာင္းပါတယ္။ ဒါေပမယ့္ ဆိုကၠားဆရာတစ္ေယာက္ တစ္ေန႔ ၁၀ နာရီေလာက္ ပင္ပင္ပန္းပန္း အလုပ္လုပ္လို႔ ရတဲ့ေငြဟာ ဆရာဝန္တစ္ေယာက္ရဲ႕ တစ္နာရီစာ ဝင္ေငြနဲ႔ သြားတူေနပါတယ္။ ဆရာဝန္တစ္ေယာက္ရဲ႕ ဝင္ေငြတစ္လစာက သူ႔ေဆး႐ုံပိုင္ရွင္ဝင္ေငြရဲ႕ အင္မတန္ ေသးငယ္ေသာ အစိတ္အပိုင္းေလးမွ်သာ ျဖစ္ေနျပန္ပါတယ္။ ဒါေၾကာင့္ အလုပ္ႀကိဳးစားတိုင္း ရၿပီလားဆိုရင္ မရေသးပါဘူး။ ဒါျဖင့္ ဘာေတြ ထပ္ေဆာင္းဖို႔ လိုေသးလဲ။ ပညာ လိုပါတယ္။ အိုင္ဒီယာ လိုပါတယ္။ ရင္းႏွီးျမႇပ္ႏွံတတ္ဖို႔ လိုပါတယ္။
ဒါေတြကေတာ့ ေခတ္သစ္က ကြၽန္ေတာ္တို႔ကို ေတာင္းဆိုေနတဲ့ လိုအပ္ခ်က္ေတြထဲက စဥ္းစားမိသေလာက္ကို ေရးလိုက္တာျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း သတိေပးရင္းနဲ႔ စာဖတ္သူမ်ားအတြက္လည္း တစ္စုံတစ္ရာ အက်ိဳးရွိမယ္ ယူဆလို႔ပါ။



ေဒါက္တာ ၿဖိဳးသီဟ
၂၄.၁၀.၂၀၁၆

Post a Comment

2 Comments

  1. Noted:

    "EQ မြင့်ဖို့ ရသစာပေ များများဖတ်။

    တစ်ခုလေး သတိထားစေချင်တာကတော့

    စာဘယ်လောက်ဖတ်ထားတယ် ဆိုတာထက်

    ဖတ်ထားတဲ့စာတွေကို ဘယ်လောက်ပြန်အသုံးချ

    ပြီးပြီ ဆိုတာက ပိုအရေးကြီးပါတယ်။"

    ReplyDelete
  2. Thanks u for your advice 🌻

    ReplyDelete