AD SPACE

သန့်စင်သော ကလစ်လက်များ



“သန့်စင်သော ကလစ်လက်များ”

ချစ်ခင်တဲ့ လက်
ကလစ်တင်မယ့် လက်
အသစ်ပြင်မယ့် လက်

အဟောင်းမတွယ်တဲ့ လက်
မဝှက်ကွယ်တဲ့ လက်
နှစ်လိုဘွယ် ကလစ်လက်



တေးသီတဲ့ လက်
ဖေးကူမယ့် လက်
အရေးတူတဲ့ လက်

ခွဲမထွက်မယ့် လက်
တွဲဆက်မယ့် လက်
အမြဲတစ်သက် ဆုပ်ကိုင်ထားမယ့် လက်



သခင်မှိင်းရဲ့လက် တော်စတွိင်းရဲ့လက်
ဗိုလ်ချုပ်ရဲ့လက် ဂန္ဒီရဲ့လက်
ဦးသန့်ရဲ့လက် ကစ်ဆင်းဂျားရဲ့လက်
အမေစုရဲ့လက် မင်ဒဲလားရဲ့လက်
ကမ္ဘာမြေကိုပွေ့ဖက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…

ငြိမ်းချမ်းရေးကို တပ်မက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…



လူသားအတွေးနဲ့ ခရီးဆက်
သန့်စင်တဲ့လက်များ တို့လိုအပ်တယ်…

အမှန်တရားနဲ့ လက်ဆက် သန့်စင်တဲ့လက်များ တို့ လိုအပ်တယ်…

တော်လှန်ရေးအတွက် ပွဲထွက် ကလစ်ကူမယ့်လက်များ တို့ လိုအပ်တယ်။

လက်ဆိုတာ…
ချုပ်ကိုင်ရင်ရိုင်းတဲ့အမျိုးမို့
မိုးလောက်ကြီးမြင့်မြင့်
မြေလောက်ကြီးကြီး
The Sea လောက် ကျယ်ကျယ်
သန့်စင်နေမှ ချစ်စရာကောင်းတယ်…



လက်ဆိုတာ…
ယူတဲ့အခါ ကြည်သာသလို
ပေးရင်လည်း ဝေဖြာမှ လှတယ်…

လက်ဆိုတာ…
ကြည့်ကောင်းရုံလှလှ ဟန်ပြဖို့သက်သက်မဟုတ်…
မာမာထန်ထန်မာန်တက် ရန်စွက်ရုံသက်သက်မဟုတ်…
ဟိုယိမ်းသည်းယိမ်း ငြိမ့်ငြိမ့်လေးဆို
ရှက်စရာကောင်းတယ်…



တစ်သက်တစ်ခါ လူလာဖြစ်တာမို့…
မြသွဲ့သွဲ့ခိုင်ရဲ့လက်
ညီညီအောင်ထက်နိုင်ရဲ့လက်
ကြယ်စင်လေးရဲ့လက်
ချစ်မင်းသူရဲ့လက်
ကေဇာဝင်းရဲ့လက်
အင်းစက်ရဲ့လက်
တလက်လက်ထ တောက်ပနေတဲ့လက်တွေ သန့်စင်ခိုင်မာသွားကြပေရဲ့။

ခင်ဗျားရဲ့လက် ကျနော့်ရဲ့လက်
ဟိုလူ သည်လူ အရေးတူတဲ့ ငါတို့လက်တွေ
ကလစ်ကူရင်း ခရီးဆက်ကြစို့။

 

မေတ္တာဖြင့်

မင်းလှမင်းခေါင်



Post a Comment

6 Comments

  1. အရမ်းကြိုက်တဲ့ကဗျာလေး

    ဖန်တီးသူကို ကျေးဇူးတင်ပါတယ်

    Clickerဖြစ်ရတာလည်း ဂုဏ်ယူမိပါတယ်

    ReplyDelete
  2. ဒီကဗျာကို ၂၀၁၅ လောက်က အွန်လိုင်းပေါ်မှာရေးခဲ့တယ်။ ရေးခဲ့စဥ်က ရည်ရွယ်ချက်အခြားတစ်ခုနဲ့ပါ။ အခု မြန်မာပြည်ရဲ့ အခက်အခဲ ရုန်းကန်ရင်ဆိုင်ရမှုတို့အတွက် အနည်းငယ်ပြင်ဆင်ရေးသားခဲ့ပါတယ်။ 'သန့်စင်သောလက်များ' အမည်နဲ့ ပရဟိတအဖွဲ့တစ်ခုလည်း ပေါ်လာခဲ့တယ်၊ ကျေနပ်ပါတယ်။ ကလစ်ကာတွေ အားဖြည့်ပေးဖို့ ထပ်မံဖြည့်စွက်ချင်တဲ့အချက်များလည်းရှိလာပါတယ်။ edit လုပ်ချင်တဲ့ စကားလုံးမျာလည်း ရှိနေပါတယ်။ clickers တချို့အတွက် motiအားဖြည့်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ် မင်မင်ရေ

    ReplyDelete
  3. ကျနော် ကလစ်ကာဖြစ်ခွင့်ရတာဂုဏ်ယူမိပါတယ်

    ReplyDelete